KMD မိသားစုနှစ်ပတ်လည် မိတ်ဆုံစားပွဲ အခမ်းအနား (Yangon)

KMD မိသားစုနှစ်ပတ်လည် မိတ်ဆုံစားပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ညနေ ၄းဝဝ နာရီမှ ၉းဝဝ နာရီအထိ နတ်မောက်လမ်း Dolphin Restaurant ၌ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ KMD Group of Companies မှ ဝန်ထမ်းများစုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ KMD Group of Companies ၏ Annual Party အခမ်းအနားကို KMD သီချင်းဖြင့် အောင်မြင်စွာဖွင့်လှစ်ပြီး ဆရာဦးသောင်းတင် (Founder & Adviser) မှ နှစ်ပတ်လည်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် External Lecturer များနှင့် Accredited Centre များအား CEO မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပေးခဲ့ရာတွင် Value Partner Award for Outstanding Student Award (Franchise) ပထမဆုကို မန္တလေး၊ ဒုတိယဆုကို တောင်ကြီး၊ တတိယဆုကို မိတ္ထီလာ တို့အား လည်းကောင်း၊ Value Performance Centre Award (Yangon Region) ပထမဆုကို မြောက်ဥက္ကလာပ၊ ဒုတိယဆုကို သာကေတ၊ တတိယဆုကို မင်္ဂလာတောင်ညွန့် တို့အား လည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ဆရာမဒေါ်တင်တင်အေး (President) မှ Long Serving Staff ဆုရရှိသွားသော ဝန်ထမ်း (၉) ဦးကို လည်းကောင်း၊ Performance Award ဝန်ထမ်း(၁ဝ) ဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ CEO မှ 2017 ခုနှစ် တစ်နှစ်တာလုံးအနေဖြင့် KMD Group of Companies မှ Surprise Awards အဖြစ် NCC, UDE, NE, SE, Softcomm, Info, CNT Training, HLD Training, PSD Retail, MNG Retail, SI, Enterprise (GOV+Non GOV), Channel Team, Procurement, Inventory + Logistic, Service + NSD, Distribution, MRS, RMA, Cash, Admin, HR(PSD,TGZ)+ BIZ, Finance, Marketing Department တို့ကို ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး၊ UMFCCI နှင့် CIESF တို့မှ ကြီးမှူးကျင်းပသော "Myanmar Business Model Competition (Junior Level)" ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော NCC Department မှ ဝန်ထမ်းများအား လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။ ဝန်ထမ်းများအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသော Lucky Draw များကိုလည်း အပိုင်းများခွဲ၍ ကံစမ်းမဲဖောက်ခဲ့ပါသည်။ Mr.KMD နှင့် Mrs. KMD တို့ကိုလည်း ပန်းစည်းများ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ဝန်ထမ်းများမှလည်း အဆို၊ အက တေးသရုပ်ဆောင်များဖြင့် ဆက်လက်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


KMD မိသားစုနှစ်ပတ်လည် မိတ်ဆုံစားပွဲ အခမ်းအနား (Mandalay)

KMD MDY မိသားစုနှစ်ပတ်လည် မိတ်ဆုံစားပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ညနေ ၆းဝဝ နာရီမှ ၉းဝဝ နာရီအထိ ၇၈ လမ်း Hotel Mandalay ၌ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ MDY KMD Group of Companies မှ ဝန်ထမ်းများစုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ MDY KMD Group of Companies ၏ Annual Party အခမ်းအနားကို ဒေါ်စုမြတ်သင်း (DGM) မှ နှစ်ပတ်လည်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆရာမကြီးဒေါ်ခင်မာကြည် မှ Long Serving Staff ဆုရရှိသွားသော ဝန်ထမ်း (၃) ဦးကို လည်းကောင်း၊ ဦးကိုကိုသက် (DGM) မှ Performance Award ဝန်ထမ်း(၃) ဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဝန်ထမ်းများအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသော Lucky Draw များကိုလည်း ကံစမ်းမဲဖောက်ခဲ့ ပါသည်။ Mr. KMD နှင့် Mrs. KMD တို့ကိုလည်း ပန်းစည်းများ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ ဝန်ထမ်းများမှလည်း အဆို၊ အက တေးသရုပ်ဆောင်များဖြင့် ဆက်လက်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။