KMD မိသားစု၏ ဘောလုံးပြိုင်ပွဲ (Yangon)

ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့တွင် တတိယအကြိမ်မြောက် KMD မိသားစု၏ ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို သာကေတ Water Boom အပန်းဖြေကစားကွင်း (Futsal) ဘောလုံးကွင်း၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဘောလုံးပြိုင်ပွဲတွင် ယောကျာင်္းလေးအသင်း Group-A တွင် အသင်း (၄)သင်း၊ Group-B တွင် အသင်း (၄)သင်း၊ Group-C တွင် အသင်း (၄)သင်း၊ Group-D တွင် အသင်း (၄)သင်းနှင့် မိန်းကလေးအသင်း (၄) သင်းတို့ပါဝင်ခဲ့သည်။ သြဂုတ်လ (၂ဝ) ရက်နေ့တွင် ဆုပေးပွဲ အခမ်းအနားကို သာကေတ Water Boom (Futsal) ဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် ပထမဆုရ ယောင်္ကျားလေးအသင်းနှင့် မိန်းခလေးအသင်းတို့အား ဆရာဦးသောင်းတင်မှ ရွှေတံဆိပ်ဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဒုတိယဆုရ ယောင်္ကျားလေးအသင်း နှင့် မိန်းခလေးအသင်းတို့အား ဆရာဦးဘိုဘိုလွင်မှ ငွေတံဆိပ်ဆုနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တတိယဆုရ ယောင်္ကျားလေးအသင်းနှင့် မိန်းခလေး အသင်းတို့အား ဒေါ်ချောချောမြင့်မှ ကြေးတံဆိပ်ဆုနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး KMD မိသားစု ဘောလုံးပြိုင်ပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။


KMD မိသားစု၏ ဘောလုံးပြိုင်ပွဲ (Mandalay)

ဇူလိုင်လ (၃ဝ) ရက်နေ့တွင် ဒုတိယအကြိမ်မြောက် KMD Mandalay မိသားစု၏ ဘောလုံးပြိုင်ပွဲကို မင်္ဂလာ Futsal အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ KMD MDY 2017 ဘောလုံးပြိုင်ပွဲတွင် အသင်း (၄) သင်း ပါဝင်ခဲ့ပြီး KMD IT Service အသင်းမှ ပထမဆုရရှိပြီး၊ ဒုတိယဆုကို DCD Service အသင်းမှ ရရှိခဲ့ပါသည်။ KMD Group of Companies မှ ပထမရရှိသော IT Service အသင်းအား ဆုငွေကျပ် 150,000 Ks နှင့် ဒုတိယရရှိသော DCD Service အသင်းအား 100,000 Ks ဆုချီးမြှင့်ခဲ့ပါသည်။