News

KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာ


တူယှဉ်နွှဲပျော်မဲ့ KMD သီတင်းကျွတ်ဈေးရောင်းပွဲတော်....

သီတင်းကျွတ်တော့မဲ့ အချိန်အခါလေးမှာ IT & Mobile ပစ္စည်းများ ၀ယ်ယူလိုသူများ၊ IT နှင့် ပက်သက်သော သင်တန်းများကို တက်ရောက်မည့်သူများအတွက် အထူး Discount Program များစီစဉ်ထားရှိပေးတဲ့ ပွဲလေးတစ်ပွဲဖြစ်တဲ့အတွက် KMD မှာ အစဉ်တစ်စိုက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးနှင့် ကျောင်းသားကျောင်းသူအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။

KMD ရဲ့သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို 28 September မှ 3 October အထိ 6 ရက်တိုင်တိုင် မြေနီကုန်း KMD campus အတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ကွန်ပျူတာ, မိုဘိုင်းဖုန်း, နှင့် အခြားဆက်စပ်ပစ္စည်းများကို လက်ငင်းဝယ်ယူလိုသူများ (သို့) အရစ်ကျဖြင့် ၀ယ်ယူလိုသူများအတွက် up to 70% OFF sale လည်းရှိသလို၊ Cashback အစီအစဉ်များ၊ ဗလာမပါ ကံစမ်းမဲနှင့် ဆုလက်ဆောင် အစီအစဉ်များ လည်းရရှိဦးမှာ ဖြစ်ပါတယ်။

ကွန်ပျူတာ သင်တန်း အပ်နှံမည့်သူများအတွက်လည်း Application & Professional Course အပ်နှံမည့်သူများအတွက် 20% Discount ရရှိမှာဖြစ်တဲ့အပြင် အထူးအစီအစဉ်အနေဖြင့် Level 4 Diploma in Business IT အပ်နှံမည့်သူများအတွက် 20% Discount ဖြင့် အပ်နှံခွင့် ရရှိမှာဖြစ်ပါတယ်။

သီတင်းကျွတ်ဈေးရောင်းပွဲ ကျင်းပပြုလုပ်မည့်နေရာကတော့ အမှတ်(၃၃၁)၊ ပြည်လမ်း၊ မဟာမြိုင်ကားမှတ်တိုင်အနီး၊ မြေနီကုန်းတွင်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၁ ၅၀၃၅၁၁ ၊ ၅၀၃၅၂၂ သို့ဆက်သွယ်မေးမြန်းနိုင်သည်ဟုသိရပါသည်။


တိုင်ပေမြို့တွင် ကျင်းပသော ASOCIO အဖွဲ့မှ ပေးအပ်သော ASOCIO ICT Education Award ကို ဆရာ ဦးဘိုဘိုလွင် (Senior Director) မှ ဆုလက်ခံရယူနေစဉ်...

     တိုင်ပေ (Taipei) မြို့တွင် စက်တင်ဘာ 10ရက်မှ 13ရက်နေ့ထိ ကျင်းပသော World Congress on Information Technology 2017 (WCIT) Forum တွင် Asian-Oceanian Computing Industry Organization (ASOCIO) မှ ၂၀၁၇ တွင် ပထမဦးဆုံး ချီးမြင့်သည့် ICT education award ကို မြန်မာနိုင်ငံကိုယ်စားပြု company အနေဖြင့် KMD institute မှ​ ဂုဏ်ယူစွာဖြင့် ပထမဆူုံးရရှိခဲ့ပါသည်။
    WCIT Forum သည် WITSAမှဦးစီးပြီး နိုင်ငံပေါင်း 80ကျော်မှအစိုးရခေါင်းဆောင်များ၊ IT နယ်ပယ်မှ အကြီးကဲများ၊ပညာရေးခေါင်းဆောင်များ အစရှိသည့်နယ်ပယ်မျိုးစုံမှအဖွဲ့အစည်းများအတွက် စီးပွားရေး အခွင့်အလမ်းများနှင့်နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးနိုင်ရန် နှစ်စဉ်ကျင်းပပေး လျှက်ရှိသော ကြီးမားသည့် International Forum တစ်ခုဖြစ် ပါသည်။
    WCIT Forum ၏ အဖွဲ့ဝင်တစ်ခုဖြစ်သော ASOCIO (Asian-Oceanian Computing Industry Organization) သည် ၁၉၈၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် Asia နှင့် Oceania Region ရှိ အဖွဲ့ ဝင် ကုမ္ပဏီပေါင်း 100,000 ကျော်ပါဝင်သော International ICT Trade Organization တစ်ခု ဖြစ်ပါသည်။ WCIT ၏ international forum တွင် ASOCIO အဖွဲ့ မှ ကမ္ဘာ့တစ်လွှားရှိ ICT company များကို ASOCIO Outstanding ICT Company Award, ASOCIO Outstanding User Organisation Award နှင့် ASOCIO Digital Government Award များကို နှစ်စဉ် ချီးမြှင့်လျက်ရှိပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင် ASOCIO ICT Education Award သည် Myanmar နိုင်ငံအတွက် ပထမဦးဆုံး ပေးအပ်သောဆုဖြစ်ပါသည်။
    စက်တင်ဘာ ၁၀ရက်နေ့မှ ၁၃ရက်တွင် Taipei International Convention Center(TICC) တွင်ကျင်းပခဲ့သော WCIT Forum အခမ်းအနားတွင် KMD institute မှ Senior Director ဦးဘိုဘိုလွင် သည် မြန်မာ နိုင်ငံကိုယ်စားပြု ပြီး ASOCIO ICT Education Award ကို ဦးစွာရရှိခဲ့ခြင်းဖြစ်ပါသည်။ KMD Institute အနေဖြင့် ၁၉၈၆ ခုနှစ် မှစတင် ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ ကာလအတွင်းတွင် မြန်မာနိုင်ငံရှိ IT ပညာရေးတွင် နိုင်ငံသားများအားလုံး IT နှင့် Media နည်းပညာရပ်များကို နိုင်ငံတကာနည်းပညာများ အသုံးပြု ၍ ခေတ်မှီတိုးတက်သော လူ့ ဘောင်ကို အကျိုးပြုနိုင်ရန် စဉ်ဆက်မပြတ်သင်ကြား ပို့ ချနေ သော အောင်မြင်သည့်အဖွဲ့ အစည်းတစ်ခုဖြစ်သောကြောင့် ASOCIO ၏ ICT Education Award ကို ရရှိနိုင်ရန် အတွက် ICT Education Award တစ်ခုတည်းကိုသာ မြန်မာ နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါသည်။


Motorola Launch Info

Motorola ရဲ့ မြန်မာနိုင်ငံဆီသို့ တစ်ကျော့ပြန် ချဉ်းကပ်မှုမှာ သင်တို့အတွက် အံ့သြမှင်သက် စရာ နည်းပညာသစ်တွေကို ယူဆောင်လာခဲ့ ပေးတယ်နော်..။ သာမန် မိုဘိုင်းဖုန်း တစ်လုံးထက် သာလွန်တဲ့ စွမ်းဆောင်ချက်တွေကို ကိုယ်တိုင် ထိတွေ့ခံစား နိုင်ဖို့ လာမယ့် ၁၃ ရက်၊ တနင်္ဂနွေ နေ့မှာ မနက် ၁၀ နာရီ ကနေ ည ၈ နာရီ အထိ မြန်မာပလာဇာ ပရိုမိုရှင်း ဧရိယာမှာ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အတူ ရှိနေမယ်နော်။ Motorola ရဲ့ ပစ္စည်းသစ်တွေနဲ့ အတူ တွဲဖက် အသုံးပြုလို့ ရမယ့် Mods တွေကိုလည်း ပြသပေးသွားမှာ ဖြစ်ပြီး ကိုယ်တိုင် စမ်းသပ်သုံးစွဲ ကြည့်နိုင်အောင်လည်း စီစဉ်ပေးထား မှာပါ။ Motorola မိုဘိုင်းဖုန်းနဲ့ ဆက်စပ် ပစ္စည်းတွေကို စမ်းသပ်သုံးစွဲရင်း ဂိမ်းတွေလည်းဆော့နိုင်မယ် လက်ဆောင်တွေလည်း ရနိုင်မယ်နော်။ တစ်ခါတည်း ၀ယ်ယူချင်တဲ့ သူတွေအတွက်လည်း အထူးပရုမိုးရှင်းတွေနဲ့ ရောင်းချ ပေးသွား မှာ မို့ လက်လွတ်မခံပဲ လာဖြစ်အောင် လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။


**** 2016/2017 တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအတွက် အထူးသတင်းကောင်း *****

KMD Institute တွင် (NCC, UK) မှတိုက်ရိုက်ပေးအပ်သော First International Diploma များအတွက် ပညာတော်သင်ဆုများ လျှောက်ထားနိုင်ပါပြီ First Year Diploma in Computing (NCC, UK)
------------------------------------------------------------------------------------
တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူများသည် NCC Education (UK) မှ ပေးအပ်သော ပထမနှစ် First Year Diploma in Computing (L4DC) သင်တန်းကို KMD Institute တွင် June, July လ တန်းခွဲများအတွက် ပညာတော်သင်ဆုများလျှောက်ထား၍ စတင်အပ်နှံနိုင်ပါပြီ။

*** Scholarship အစီအစဉ် ***

၂၀၁၆/၂၀၁၇ စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးရရှိသူများနှင့် (၅)ဘာသာ ဂုဏ်ထူးရှင်များ အတွက် ပညာတော်သင်ဆုအဖြစ်သင်တန်းကြေး(၂၅သိန်းကျပ်) ခံစားခွင့် ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များ အတွက် သင်တန်းကြေး၏ (၁၂သိန်း ၅သောင်းကျပ်) ခံစားခွင့် ၊ (၃)ဘာသာ ဂုဏ်ထူးရှင်များ အတွက် (၁၀သိန်းကျပ်) ခံစားခွင့် ၊ (၂) ဘာသာ နှင့် (၁) ဘာသာဂုဏ်ထူးရှင်များ အတွက် (၅သိန်းကျပ်) ခံစားခွင့် ရရှိမှာဖြစ်ပါတယ်ရှင် ...
------------------------------------------------------------------------------------
တက်ရောက်ရမည့်သင်တန်းကာလ ၁နှစ် ကြာမြင့်မည်ဖြစ်ပြီး First Year Exam ဖြေဆိုအောင်မြင်ပြီးပါက NCC (UK) မှ ပေးအပ်ချီးမြှင့်သည့် International Diploma ကို ရရှိမည်ဖြစ်သည့်အပြင် သင်တန်းတက်ရောက် နေစဉ်အချိန်အတွင်း Microsoft Professional Certificate Exam ဖြေဆိုနိုင်ရန်အတွက်လည်း Exam Preparation Course များကို ထည့်သွင်းသင်ကြားပေးထားပါသည်။ ပထမနှစ် ဖြေဆိုအောင်မြင်ပြီး နောက်ထပ် အချိန် ၂ နှစ် ခန့့် ပေးရုံဖြင့် University of Greenwich, UK မှ ပေးအပ်သော B.Sc (Hons) Business Information Technology Degree ကို ရယူနိုင်မည့်အခွင့်အလမ်းကောင်းဖြစ်ပါသည်။ အစိုးရတက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ၊ အလုပ်လုပ်နေသူများ အဆင်ပြေစွာတက်ရောက် နိုင်ရန် Mon to Fri အပြင် Sat & Sun တန်းခွဲများ ကိုစီစဉ်ပေးထား သည့်အတွက်မိမိနှစ်သက်ရာအတန်းကိုရွေးချယ်ပြီးတက်ရောက်နိုင်ပါသည်။ ကွန်ပျူတာအခြေခံမရှိသူများလည်းတတ်ရောက်နိုင်ပါသည်။ နယ်မှတက်ရောက်မည့်သူများအတွက်လဲ အဆင်ပြေစေရန် အဆောင်များစီစဉ်ထားပါသည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်
**********************************

Open Date : 17 June 2017 (Sat - Sun)
Time : 7 am to 2 pm
Open Date : 27 June 2017 (Mon – Fri)
Time : 9 am to 1 pm
Open Date : 4 July 2017 (Mon – Fri)
Time : 7 am to 11 am
Open Date : 15 July 2017 (Sat – Sun)
Time : 10 am to 5 pm

************ မှတ်ချက် ************

KMD Institute နှင့် CB Bank တို့ပူးပေါင်း၍ သင်တန်းကြေးများကို CB Credit Card အသုံးပြုပြီး Installment Payment Plan (IPP)ဖြင့် အဆင်ပြေလွယ်ကူစွာ လစဉ်အရစ်ကျ ပေးသွင်းနိုင်ပါပြီ။ အသေးစိတ်ကို ထပ်မံသိရှိလိုပါက Ph: (09)770867903,(01)700895, 502233, 527436 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။


ပရိတ်တရားနာခြင်း

KMD Group of Companies ၏ စုပေါင်း အန္တရာယ်ကင်းပရိတ်တရားနားခြင်းကို ပြည်လမ်း-KMD computer centre တွင် ကျင်းပခဲ့ပါသည်။


KMD Computer Centre ၏ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ ဒီပလိုမာနှင့် ဘွဲ့  လက်မှတ်များ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနား

KMD Institute ၏ ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လ(၁၇) ရက်နေ့ မနက် ၉း၀၀ နာရီ မှ ၁၁း၃၀ နာရီအထိ Myanmar Convention Center, MCC တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ Professor Lachlan MacKinnon (Head of Department for the Department of Computing & Information Systems, University of Greenwich), Mr. Allan Norton (General Manager of NCC Education), Ms. Eunice McAllister (International Regional Manager and International Awarding, Scottish Qualification Authority), U Thaung Tin (Chairman of KMD Group of Companies) တို့မှ အမှာစကားများ ပြောကြားခဲ့ပါသည်။


UK ရှိ NCC Education မှ ၂၀၁၆ ခုနှစ်တစ်နှစ်လုံးအတွက် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆုကို KMD Institute မှ ထူးချွန်စွာရရှိ

NCC Education (UK) မှ နှစ်စဉ်ပေးအပ်သော တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု (၆)ဆု အနက် KMD Institute မှ ၂၀၁၆ ခုနှစ်အတွက် (၅)ဆု ကို ထူးချွန်စွာ ရရှိခဲ့ပါ သည်။ ၂၀၁၆ ခုနစ်တစ်နှစ်လုံးအတွက် တစ်ကမ္ဘာလုံးအမှတ်အများဆုံးဖြစ်သော World Prize ကို KMD Institute တွင် တက်ရောက်ခဲ့သောပထမနှစ် (First Year Diploma in Computing) ကျောင်းသား၊ ကျောင်းသူများ ထဲမှ မောင်ခိုင်ခန့်ထွန်း (1st in World)၊ မောင်အောင်ကျော်ထွန်း (2nd in World)၊ မထွေးနုဝေ (3rd in World) ) တို့မှ World Prize ဆု ၃ ခုလုံးကို ရရှိနိုင်ခဲ့သလို ဒုတိယနှစ် (Second Year Diploma in Computing) အတွက်လည်း မောင်ကောင်းဝေယံလင်းမှ (1st in World) ဆုကိုလည်းကောင်း၊ မောင်သူ ရိန်ထွဏ်မှ (2nd in World) ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။ Asia Region အတွက် ပေးအပ်သော တစ်ခုတည်းသော 1st in Asia ဆုကိုလည်း ပထမနှစ် (First Year Diploma in Computing) အတွက် မောင်ခိုင်ခန့်ထွန်း နှင့် ဒုတိယနှစ်(Second Year Diploma in Computing) အတွက် မောင်ကောင်းဝေယံလင်း တို့မှ အသီးသီးဆုများ ရရှိခဲ့ပါသည်။