KMD Group of Companies မှ ဝန်ထမ်းမိသားစုများ၏၂ဝ၁၆ -၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသား/သူ များ အတွက် ပထမ အကြိမ်မြောက် ဂုဏ်ပြု ပွဲ အခမ်းအနား

KMD Group of Companies မှ ၂ဝ၁၆ -၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသား/သူများ အတွက် ပထမ အကြိမ်မြောက် ဂုဏ်ပြု ပွဲ အခမ်းအနား ကို 1.7.2017 တွင် Mandalay KMD, 77Mall နှင့် 3.7.17တွင် Yangon KMD, Head Office တွင်ကျင်းပခဲ့ပါသည်။
KMD Mandalay ဂုဏ်ပြုပွဲအခမ်းအနားတွင် CEO မှ U Myo Win (Office Staff)၏ သား မောင်ဥာဏ်လင်းတိုး ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။
KMD Yangon ဂုဏ်ပြုအခမ်းအနားတွင် ဆရာဦးဘိုဘိုလွင်မှ ဂုဏ်ပြု အမှာစကား ပြော ခဲ့ပြီး၊ ဆရာဦးရဲမြ မှ ဂုဏ်ပြုဆု ပေးအပ် ခဲ့ပါသည်။
အခမ်းအနားသို့  KMD Management အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ Department များ မှ Manager များ၊ တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသား/သူများ နှင့် မိဘများ စုံစုံညီညီ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် (၆) ဘာသာဂုဏ်ထူးရှင်ဖြင့် အောင်မြင်သော ဒေါ်မိုးမြတ်စံ ( Manager, Cash Department ) ၏ သမီး ဖြစ်သူ မအိမြတ်စိုးခန့် နှင့် ဒေါ်စန်းစန်းမြင့် ( Cleaner, 49th IT Service Department ) ၏ သမီးဖြစ်သူ မယဉ်ယဉ်စန်း တို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ပေးခဲ့ပါသည်။


KMD Foundation နှင့် ရေဦးကျောင်းတို့ပူးပေါင်းပြီး တတိယအကြိမ် ကွန်ပျူတာသင်တန်း

တတိယအကြိမ် ကွန်ပျူတာသင်တန်းကို ကျောက်ဆည်မြို့နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၀) ကျောင်းမှ ကျောင်းသား/သူ (၈၇)ဦးအား KMD ၏ Office for Kids Course ကို အခမဲ့ သင်ကြားပေးခဲ့ပါသည်။ကွန်ပျူတာထူးချွန်ဆု နှင့် Certificate ပေးအပ်ပွဲအခမ်းအနားကို 4.6.2017 (Sun) တွင် ကျောက်ဆည်မြို့ ရေဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည်။


KMD Foundation နှင့် ရေဦးကျောင်းတို့ပူးပေါင်းပြီး ဒုတိယအကြိမ် ကွန်ပျူတာသင်တန်း

ဒုတိယအကြိမ်တွင် KMD Foundation နှင့် ရေဦးကျောင်းတို့ပူးပေါင်းပြီး ကွန်ပျူတာ သင်တန်းကို ၂၀၁၆ ခုနှစ် မေလ ၂ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (7) ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (76)ဦးအား KMD ၏ Intermediate Kids Course ကို အခမဲ့ သင်တန်းပို့ချခဲ့ပါသည်။


KMD Foundation နှင့် ရေဦးကျောင်းတို့ပူးပေါင်းပြီး ပထမအကြိမ် ကွန်ပျူတာသင်တန်း

၂၀၁၅ ခုနှစ် မေလ ၃၀ ရက်နေ့မှာ KMD Foundation နှင့် ရေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ကြီးမှူးပြီး ပထမအကြိမ် ကွန်ပျူတာသင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲကို ရွှေဖောင်ဒေးရှင်းခန်းမ၊ ကျောက်ဆည်မြို့တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ (၅)ဦးကို ဆုများချီးမြှင့်ပေးခဲ့သည်။ ကျောင်းသား၊ကျောင်းသူများအားလုံးကို KMD Certificate နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့တက်ရောက် ကျောင်းသား၊ ကျောင်းသူ (၄၄) ဦးအား ဆုငွေ ၁၀၀၀၀ (တစ်သောင်းကျပ်) ချီးမြှင့်ပါသည်။


လပြည့်နေ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာအလှူ

23.3.2016 နေ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ထာဝရဆွမ်းပဒေသာပင်အတွက် ငွေကျပ် တစ်ဆယ်ရှစ်သိန်းတိတိ လှူဒါန်းခဲ့ပါသည်။