KMD Institute ၏ တက္ကသိုလ်ဝင်တန်းနှင့် IGCSE အလွန်ပညာရေး ဆွေးနွေးပွဲ နှင့် “Global
Education Opportunities Beyond High School and the Industry 4.0 trends” ဟောပြောပွဲ
အခမ်းအနားကို ၂၀၁၉ ခုနှစ်ဇွန်လ (၂၂) ရက်နေ့ နေ့လည်၂းဝဝ နာရီမှ ၅းဝဝ နာရီအထိMICT Park
တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်အရ Prof. Mayur Patel, Professor and Director of
Internationalization and Partnerships, Department of Mathematical Sciences, Faculty of
Architecture, Computing and Humanities from University of Greenwich မှ နိုင်ငံတကာ
နှင့်ကမ္ဘာတဝှမ်းရှိ ပညာရေးအခွင့်အလမ်း နှင့် အလားအလာများအကြောင်း၊ University of Greenwich
(UK) တက္ကသိုလ်ကြီးအကြောင်း နှင့် ထိုတက္ကသိုလ်ကြီးနှင့် ချိတ်ဆက်ပြီး KMD Institute တွင်
တက်ရောက်နိုင်သည့်Bachelor’s Degree Program အကြောင်း၊ ဘွဲ့ရပြီးနောက် ပညာရေးနှင်
နိင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဆွေးနွေး ဟောပြောခဲ့ပါသည်။
ထို့နောက် KMD group of companies ၏ Founder and Chairman ဦးသောင်းတင်မှ
တက္ကသိုလ်ဝင်တန်းနှင့် IGCSE အောင်မြင်သော ကျောင်းသူ၊ကျောင်းသားများ အတွက်
Industrial Revolution 4.0 ခေတ်ရေစီးကြောင်းကြီးတွင် ပြောင်းလဲလာသော နောက်ဆုံးပေါ် IT
နည်းပညာ တိုးတက်မှုများ၊ Education 4.0 အကြောင်း၊ ကျောင်းသူကျောင်းသားများ၏
ရှေ့ဆက်သွားရမည့် ပညာရေးလမ်းကြောင်းတွင် ITနည်းပညာဖြင့် အသက်မွေးဝမ်းကြောင်း
ပြုခြင်းဖြင့် ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ IT careerလမ်းကြောင်း၏
တိုးတက်လာနိုင်သည့် အခွင့်အလမ်းများ အကြောင်း၊ ဆန်းသစ်တီထွင်မှုများ (innovation) ြ
ပုလုပ်နိုင်ရန်အလားအလာများ၊ IT နယ်ပယ်တွင်အောင်မြင်လာနိုင်ရန်ဘွဲ့ Degree ရရှိထားရန်
အရေးပါပုံ၊ နည်းပညာ တိုးတက်မှုများအကြား အသုံးပြုသူ(user) အဆင့် မှ ကိုယ်တိုင်ဖန်တီးသူ
(developer) အဆင့်အထိ ရောက်အောင် ကျောင်းသူ ကျောင်းသားများ အနေဖြင့်
ပြင်ဆင်ထားရှိရန်လိုအပ်ချက်များကိုအမေးအဖြေ ကဏ္ဏဖြင့်ဆွေးနွေးပေးသွားပါသည်။
ဆက်လက်၍ KMD Institute မှ Assistant Training Manager ဦး ဟိန်းစည်သူညွှန်မှ
လည်း KMD Institute ၏ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုများ ဖြစ်သည့် ပြည်တွင်းမှာပင် ဘွဲ့
ရသည် အထိ လေ့လာ သင်ယူနိုင်မည့် University of Greenwich (UK) မှ ပေးအပ်သည့်
ဘွဲ့အကြောင်း၊ ထိုဘွဲ့ကိုရယူနိုင်ရန် ကျောင်းသူကျောင်းသားများ အနေဖြင့်ရွေးချယ်နိုင်သော NCC
Education (UK) နှင့် SQA (UK) တို့မှပေးအပ်သည့် ပညာရေးလမ်းကြောင်းများ၊ KMD Institute
မှ ထူးချွန်ကျောင်းသူကျောင်းသားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ပေးအပ်လျှက်
ရှိသော Scholarship များနှင့် Discount များအကြောင်း၊ ပြည်ပပညာရေးကို သင်ယူလိုသော
ကျောင်းသူ ကျောင်းသားများအတွက် နိုင်ငံခြားတွင် လေ့လာသင်ယူနိုင်မည့် တက္ကသိုလ်များ
အကြောင်း ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သောကျောင်းသူကျောင်းသားများကို KMD Institute မှ
IT နှင့်Business နည်းပညာရှင်များဖြစ်လာစေရန်ပညာတော်သင်ဆုများကို ၂၀၀၂ ခုနှစ်မှ စတင်
ပြီး ပထမနှစ်မှ International Degree ဘွဲ့ရသည်အထိ နှစ်စဉ်ပေးအပ်ချီးမြှင့်လျှက် ရှိပါသည်။
၂၀၁၉ ခုနှစ်မှ စတင်ပြီး KMD Institute နှင့် NCC Education တို့ ပူးပေါင်းပြီး ၂၀၁၉-၂၀၂၀
ပညာသင်နှစ်၏ ပထမနှစ်ဒီပလိုမာသင်တန်းများဖြစ်သော Level 4 Diploma in Business IT နှင့်
Level 4 Diploma in Computing သင်တန်းများအတွက် KMD Institue မှ သင်တန်းကြေး
ကင်းလွတ်ခွင့်နှင့် NCC Education (UK) မှ Exam Fee ကင်းလွတ်ခွင့် ရရှိနိုင်မည့် ရာနှုံးပြည့်
ပညာတော်သင်ဆုများ ပေးအပ်ကြောင်းကိုလည်း သိရှိရပါသည်။
လုပ်ငန်းခွင်မဝင်မီ လိုအပ်သောလုပ်ငန်းအတွေ့အကြုံများ ရယူနိုင်ရန် ကျောင်းသူ
ကျောင်းသားများအတွက် On Job Training (OJT) ကိုပါ စီစဉ်ထားကြောင်း သိရှိခဲ့ရပါသည်။
ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း Career Fair များကိုကျင်းပပေး
နေသောကြောင့် မိမိစိတ်ဝင်စားရာ တိုးတက်မူရှိသော အလုပ်အကိုင်များလျှောက်ထားခြင်းဖြင့်
လုပ်ငန်းအတွေ့အကြံုများ ရယူနိုင်ပါကြောင်းကိုလည်းသိရှိရသည့်အပြင် နိုင်ငံခြားတွင်
ပညာဆက်လက်သင်ယူလိုသူများအတွက်လည်း နိုင်ငံခြားတွင်တက်ရောက်နိုင်သည့်University
များ အားဆွေးနွေးပေးခြင်း၊ တက်ရောက်လိုသည့် University နှင့် ချိတ်ဆက်ပေးပြီး
ကျောင်းလျှောက်ပေးခြင်း များကိုလဲ ၀န်ဆောင်ခ မယူပဲ ဆောင်ရွက်ပေးလျက်
ရှိကြောင်းသိရှိရပါသည်။
ဟောပြောပွဲအခမ်းအနားတွင်ကျောင်းသားကျောင်းသူများနှင့် မိဘ စုစုပေါင်း ၄၀၀ ကျော်
တက်ရောက်ခဲ့ပြီး မိဘများနှင့် ကျောင်းသူကျောင်းသားများ၏ သိလိုသည်များကို ဖြေကြားပေးပြီး
သင်တန်းများတက်ရောက်ရန် ယုံကြည်စွာဖြင့် ရွေးချယ်အပ်နှံခဲ့ကြပါသည်။ ညနေ၅ နာရီတွင်
အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဦးဆောင်လုပ်ကိုင်နိုင်ရန်အတွက်
academic qualifications (ဒီပလိုမာ၊ ဒီဂရီ)၊ professional certifications နှင့်
လုပ်ငန်းအတွေ့အကြံုများလိုအပ်နေပြီဖြစ်ပါသည်။ KMD Institute အနေဖြင့် နိုင်ငံတော်၏ ICT
နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးအားထားပြုရမယ့် ခေါင်းဆောင် ကောင်း
များမွေးထုတ်ပေးနိုင်ရန်IT နှင့် Business သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
အနာဂတ်ဘဝတွင် အောင်မြင်သောခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်လိုသူ လူငယ်တိုင်း
အတွက် ကောင်းမွန်ပြည့်စုံသော ရွေးချယ်မှုဖြစ်စေမည့် သင်တန်းများ ပတ်သက်၍ အသေးစိတ်
သိရှိလိုပါက ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်တွင်ရှိသော KMD (Myaynigone Campus) ဖုန်း ၀၁-
၇၀၀၈၉၅၊ ၀၁-၅၀၂၂၃၃၊ KMD (China Town) ၀၁-၂၂၀၅၅၅၊ ၀၁-၃၉၁၂၈၇ သို ့လည်းကောင်း
၊KMD (Hledan 1) ၀၁-၅၂၄၄၀၀၊ ၀၁-၅၀၅၃၉၉၊ ၀၉-၉၇၇၂၆၃၀၇၅၊ KMD (Hledan-2) ၀၁-
၅၀၂၂၁၁၊ ၀၉-၄၀၂၁၇၁၂၂၇၊ KMD (Theingyi Zay) ၀၁-၃၈၄၂၆၈၊ ၀၁-၃၈၄၆၄၁၊ ၀၁-၂၂၀၅၅၊
KMD (Tamwe) ၀၁-၅၄၁၃၂၈၊ သို ့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။