KMD Instituteနှင့် Qooco(USA)တို့ပူးပေါင်းပြီးအင်္ဂလိပ် ဘာသာစကားကို အသံထက်ွမှန်ကန်စွာ ပြောဆိုနိုင်ရန် လေ့ကျင့်ပေးမည့် Qooco Mobile Application စတင်မိတ်ဆက်လိုက်ပါသည်။

Qooco(CirrusEducationInc)အဖွဲ့အစည်းသည် ယခု Information & Communication Technology သည် Mobile Learning Technology ဟုခေါ်သည့် mobile phones(မိုဘိုင်းဖုန်း)များပေါ်တငွ် စာသင်ယူလေ့လာရန် လုပ်ဆောင်ပေးနိုင်သောနည်းပညာများကို အသုံးပြု၍ အင်္ဂလိပ်ဘာသာစကား ဖွံ့ ဖြိုးတိုးတက်မှု အားနည်းသော နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ယိုးဒယားနိုင်ငံအစရှိသည့်နိုင်ငံများတငွ် ကျောင်းများစွာ နှင့်ပူးပေါင်းချိတ်ဆက်ကာအင်္ဂလိပ်ဘာသာစကားကို ရဲရဲဝင့်ဝင့်ပြောဆိုနိုင်သည့်ကျောင်းသူ၊ကျောင်းသားများစွာကိုအောင်မြင် စွာ မွေး ထုတ်ပေးနိုင်ခဲ့ ကာယခု မြန်မာနိုင်ငံတင်ွလည်း KMD Institute နှင့် ပူးပေါင်းပြီး စတင်ရောက်ရှိ လာခြင်းဖြစ်ပါသည်။

Qooco Talk Applicationမှာအင်္ဂလိပ်စာစကားကို လေ့လာရန် အချိန်သီးသန့် ပေးစရာမလို ပဲ တစ်ရက်ကို၁၅ မိနစ်ခန့်အချိန်ပေးရုံနှင်အင်္ဂလိပ်စာ Speaking နှင့် Listening ကိုထိထိရောက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါသည်။

ကုန်ကျ ငွေမှာ တစ်ရက်လျှင်မြန်မာကျပ်(၅၉၀)ကျပ်တည်းကျသင့်မည်ဖြစ်ပြီး Pre KG မှစ၍ အသက်အရွယ်မရွေး  Mobile Application မှ တဆင့် အလွယ်တကူသင်ယူလေ့လာနိုင်ပြီး(4)လကြာသည့်Level(1)ခုကို ခုနှစ်သာင်း ကျပ် သာကျမည်ဖြစ်ပါသည်။

ထူးခြားချက် မှာ Qooco Talk ကို မည်သည့် mobile device (smart phone များ၊ tablet များ) တွင်မဆိုအသုံးပြုနိုင်ပြီး Qooco ၏မူပိုင် Speech Recognition Technology (စကားလုံးများ၏အသံထွက်များကိုကွန်ပျူတာများမှခွဲခြားနားလည်နိုင်သည့်နည်းပညာ)ကို အသုံးပြုကာ Applicationအသုံးပြုသူများ၏ အင်္ဂလိပ်စာအသံထွက် မှန်မမှန်ကို ချက်ချင်းခွဲခြားအမှတ်ပေးနိုင်ပါသည်။

Qooco Talk တင်ွပါဝင်သောသင်ခန်းစာများသည်games (ဂိမ်း)များကဲ့သို့စိတ်ဝင်စားစရာဖြစ်အောင်ရည်ရွယ်ဖန်တီးထားပြီးlevelများတိုးလာသည်နှင့်အမျှသင်ခန်းစာများ သည်လည်းပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။

လေ့လာသူများအနေနှင့်လည်းမိမိတို့၏ စွမ်းဆောင်ရည် များကိုချက်ချင်းမြင်တွေ့နိုင်ပြီး မ လေ့လာခင်ချိန်မိမိ၏အင်္ဂလိပ်စာအရည်အသွေးနှင့် လေ့လာပြီးချိန်မိမိ၏  အင်္ဂလိပ်စာအရည်အသွေး ကွာ ခြားချက်များကိုလည်း နှိုင်းယှဉ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

QoocoTalk သည်ကျောင်းသား၊ကျောင်းသူများအတွက်သာ ရည်ရယွ် ထုတ်လုပ်ထားခြင်းမဟုတ်ပဲ အလုပ်တဖက် နှင့်သင်တန်းတက်ရန်အချိန်မပေးနိုင်သောသူများ၊ နေ့ ကျောင်းတက်နေရ၍ မအားသည့် သူများအတက်ွပါ ရည်ရွယ်ပြီး IT နည်းပညာဖြင့် English ဘာသာစကားကို သင်ကြားနိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါသည်။

ပညာသင်ဆုအနေဖြင့်KMDInstituteမှတဆင့် Qooco Talk တင်ွအင်္ဂလိပ်စာကိုလေ့လာပြီး Yale University(USA) တွင်ပညာတော်သင်ဆုဖြင့်ပညာသင်ယူနိုင်ရန် အတက်ွလည်း Yale Young Global Scholars Program–Qooco Scholarships အစီအစဉ်မှာလည်းမြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါအပ်ပါသည်။